နောက်ခံသမိုင်းကြောင်း
အစိုးရနည်းပညာအထက်တန်းကျောင်းမန္တလေးမြေနေရာတွင် ၂၀၀၀ ခုနှစ်၊
ဇန်နဝါရီ လ(၄)ရက်နေ့၌ စက်မှုဇုံသင်တန်းကျောင်းကို မန္တလေး-စက်မှုလက်မှုသိပ္ပံမှ လာရောက်ဖွင့်လှစ် ခဲ့ပါသည်။ (၄-၄-၂၀၀၀)ရက်နေ့မှ
(၁၅-၅-၂၀၀၅)ရက်နေ့ထိ စက်မှုဇုံသင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားပေါင်း (၃၇၃)ဦး မွေးထုတ်ခဲ့ပါသည်။ အတတ်ပညာလေ့ကျင့်ရေး သင်တန်းကျောင်း(မန္တလေး)ကို (၃၀-၁၀-၂၀၀၆)ရက်နေ့မှ (၂၃-၈-၂၀၁၀)ရက်နေ့ထိ ဖွင့်လှစ်ခဲ့ ပြီး
သင်တန်းသားပေါင်း(၂၃၆)ဦး မွေးထုတ်ခဲ့ပါသည်။ (၂၃-၈-၂၀၁၀)ရက်နေ့တွင် သင်တန်းရပ် နားခဲ့ပြီး ၂၀၁၅
ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် အစိုးရနည်းပညာအထက်တန်းကျောင်း(မန္တလေး) အဖြစ်သို့ အမည်ပြောင်းလဲ ဖွင့်လှစ်ခဲ့ပါသည်။

ရည်မှန်းချက်
- လူငယ်လူရွယ်တိုင်း နည်းပညာနှင့်သက်မွေးပညာကို သင်ယူနိုင်ရန် ဖန်တီးပေးပြီး အရည်အချင်းရှိသော နည်းပညာနှင့်သက်မွေးပညာရပ် အတက်ပညာရှင်များ မွေးထုတ် ပေးနိုင်ရန်
- လူငယ်လူရွယ်များ အလုပ်အကိုင်ရရှိမှု တစ်ဦးချင်းဝင်ငွေတိုးတက်မှုတို့အတွက် နည်း ပညာနှင့်သက်မွေးပညာ၏ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန်
- တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသလိုအပ်ချက်ဖြစ်သော နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ ကာလတိုသင်တန်းများ တိုးချဲ့ဖွင့်လှစ်သင်ကြား ပေးရန်
မျှော်မှန်းချက်
- ဒေသအတွက်လိုအပ်သောအရည်အချင်းရှိ၍စည်းကမ်းကောင်းမွန်ပြီးကျွမ်းကျင်လူငယ်နှင့်ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်သောကျောင်းတစ်ကျောင်းဖြစ်လာစေရန်။
စဉ် | အမည် | ပညာအရည်အချင်း | တာဝန်ထမ်းဆောင်ခဲ့သောကာလ |
---|---|---|---|
၁ | ဦးဆန်းလင်းဗိုလ် | ME(Mech) | ၁၀.၄.၂၀၁၅ မှ ၂၉.၇.၂၀၁၆ထိ |
၂ | ဦးညိုချော | ME(Mech) | ၁.၈.၂၀၁၆ မှ ၁၆.၅.၂၀၁၈ထိ |
၃ | ဦးသက်လွင်တိုး | ME(Mech) | ၁၇.၅.၂၀၁၈ မှ ယနေ့ထိ |